Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Your wings already exist. All you have to do is fly. သင့်မှာအတောင်ပံတွေရှိပြီးသားပါ။ သင်လုပ်ရမှာကပျံသန်းဖို့တစ်ခုပါပဲတဲ့။ ဒီနေ့အတွက်စကားကိုကြားလိုက်တော့ ကိုယ့်နောက် ကျောမှာပဲအတောင်ပံတွေပေါက်နေပြီလားဆိုပြီး ပြန်စမ်းမိနေပါသလားဗျာ။ ကျွန်တော်ကစတာပါ။ ပုံမှန်ထက်အနည်းငယ်လေး ထူးခြားတဲ့ ဒီစကားကတော့ ဝင်္ကဝုတ္တိအလင်္ကာသဘောနဲ့ သွယ်ဝှိုက်ရေးသားပြောဆိုထားတာဖြစ် ပါတယ်။ တည့်သဘော ဘာသာ ပြန်နားလည်လို့တော့မရပေမယ့် ဒီစကားရဲ့ အတိမ်အနက်ကသေသေချာချာလေးစဉ်းစားကြည့် လိုက်မယ်ဆိုရင် တော်တော်လေး နက်ရှိုင်းပြီးအဓိပ္ပာယ်ရှိပါတယ်။ ဟိုးမိုးကောင်းကင်မှာလေဟုန်ကိုခွင်းလို့ ပျံသန်းနေကြတဲ့ ငှက်ကလေးတွေကို ကြည့်ပါ။ သူတို့မှာလေဟုန်ကိုခွင်းပြီးပျံသန်းနိုင်ဖို့ အတွက် တောင်ပံတွေပါတယ်။ ဒါပေမယ့် သူတို့ထက် ဖွဲ့စည်းတည်ဆောက်ဖြစ်တည်ပုံလည်း ရှုပ်ထွေးပြီးအရာရာမှာအဆင့်မြင့်တဲ့ ကျွန်တော်တို့လူသားတွေမှာလည်းကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်ရောက်ချင်တဲ့ဒေသကိုရောက်အောင်သွားနိုင်ပါတယ်။