Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
ဒီနေ့အတွက်စကား Success is like a train. It has several compartments: Hardwork, Focus, Luck, etc. but leading all those is the engine of confidence. အခုကြားခဲ့ရတဲ့ ဒီစကားကတော့ အောင်မြင်မှုဆိုတဲ့ လူတိုင်းလူတိုင်းလိုချင်တပ်မက်ကြတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ စကားပါ။အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်း သည်းခြေထဲကနေအထိ လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲကလူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်း ကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့ သူကည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူဖန်တီး လိုက်တဲ့အနုပညာကို ပရိသတ်တွေကလက်ခုတ်သြဘာပေးချီးမြောက်လို့လက်ခံအားပေးတဲ့အထိအောင်မြင်ချင်ကြတယ်။လူတိုင်း လူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် ကျွန်တော့်စကားလွန်မယ်မထင်ပါဘူး။ အောင်မြင်မှုဆိုတာ မီးရထားတစ်စင်းလိုပါပဲ။ ကြိုးစားလုပ်ကိုင်မှု၊ အာရုံစူးစိုက်မှု၊ ကံတရားစတဲ့ တွဲဆိုင်းပေါင်းများစွာရှိတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးကိုခေါင်းဆောင်နေတာကတော့ ယုံကြည်မှုဆိုတဲ့ စက်ခေါင်းကြီးပါ။