Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Everyone you meet is fighting a battle you know nothing about. Be kind. Always. လူ့လောကရဲ့အရေးပါအရာရောက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက် ဆံရေးအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ ကြင်နာသနားတတ်ဖို့လိုပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တပါးသူထိခိုက်နစ်နာသွားပြီဆိုရင် ကိုယ်နဲ့သူနဲ့ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတစ်ခုဖြစ်သွားပါပြီ။ တကယ်တော့ လောကကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်း လူသားတိုင်းမှာ ကျွန်တော်တို့တတွေ ဘယ်လိုနည်းနဲ့မှ မသိနိုင်တဲ့ တွေးလို့တောင်မကြည့်ဖူးတဲ့ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံကို သူတို့ဘဝနဲ့သူတို့က ဖြတ်ကျော်နေကြဖြေရှင်းနေကြရတာပါ။ ကိုယ်ကတော့ မသိလို့ပြောလိုက်တဲ့စကားတစ်ခွန်း ဟာ သူ့အတွက်တော့ တကယ့်ကိုစိတ်ဓါတ်ကျသွားမယ့် စိတ်မှာနာနာကျည်းကျည်းခံစားသွားရမယ်ဆိုရင် အဲဒီလိုစကားမျိုးကို မပြောလိုက်တာက အကောင်းဆုံးပါပဲ။ အလုပ်ခွင်တစ်ခုမှာ အခုမှအလုပ်စဝင်တဲ့အလုပ်သင်တစ်ယောက်ကို မင်းဒါလေး တောင် မတတ်ဘူးလားဆိုပြီး ဆူပူကျိန်းမောင်းတာမျိုးတွေကို မတော်တဆဆိုသလို ပြောမိတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်ရင် လွယ်လွယ်ကူကူပြီးမြောက်ပေမယ့် သူလုပ်လိုက်လို့ တစ်ခုခု