Padamyar FM

ဒီနေ့အတွက်စကား

Informações:

Trama

Relationships theses days are harder now because conversation becomes texting, arguments become phone calls, and feelings become status updates. အခုနောက်ပိုင်းဆက်ဆံရေးတွေက အေးခဲမာကျောလာပါတယ်။ ဘာလို့လဲဆိုတော့ ပြောဆိုမှုတွေက စာရိုက်ပြောဆိုခြင်းတွေ ဖြစ်ပြီး အငြင်းအခုံတွေက ဖုန်းခေါ်ဆိုမှုတွေဖြစ်လာပြီး ခံစားချက်တွေကတော့ Social Media ပေါ်က ရေးသားထုတ်ဖော်မှုတွေ ဖြစ်လာလို့ပါ။ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ ဆက်ဆံရေးတွေအကြောင်းကို မြင်သာထင်သာရှိအောင်ပြောပြ ထားတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးတွေက သွေးအေးတဲ့ ဆက် ဆံမှုတွေက ပိုပြီးများပါတယ်။ ထို့အတူပဲ။ နှစ်ယောက်ကြားကဆက်ဆံရေးဟာ နှလုံးသားထဲမှာ သိမ်းဆည်းသိုဝှက်ထားတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးထက် ပုံစံတစ်မျိုး သက်ရောက်မှုတစ်ဖုံဖြစ်နေတဲ့ ဆက်ဆံရေးတွေက ပိုလို့များလာပါတယ်။ လောက မှာ အရေးကြီးတဲ့ စားဝတ်နေရေး၊ လူတန်းစေ့ရှင်သန်ရပ်တည်နိုင်ရေး၊ ခေတ်နဲ့အမှီရင်ဘောင်တန်းနိုင်ရေးစတဲ့ စတဲ့ လိုအပ်ချက် တွေရဲ့နောက်ကိုလိုက်ရင်းနဲ့ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေကလည်း တစ်နည်း တစ်ဖုံ ပတ်သက်မှုတွေဖြစ်လာပါတယ်။ ခေတ်ကြီးကတိုးတ