Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Stress makes you think that everything has to be fixed right now. Just breathe. Remember, things have a way of working themselves out. စိတ်ဖိစီးမှုတွေက ဖြစ်ပျက်တာတွေကို ချက်ခြင်းဖြေရှင်းရမယ်လို့ သင့်ကိုတွေးမိပါစေလိမ့်မယ်။ အေးဆေးစွာအသက်ကို ရှူသွင်း ရှုထုတ်လိုက်ပါ။ အရာတိုင်းမှာ သူ့အလိုလို ပြေလျော့သွားဖို့နည်းလမ်းတွေရှိပြီးသားပါ။လူသားတိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လောကအလယ်မှာရုန်းကန် ရှင်သန်နေကြရင်းနဲ့ ကိုယ်လိုချင်ဖြစ်ချင်တဲ့အရာတွေနောက်ကို တကောက်ကောက်လိုက်နေကြပါတယ်။ တစ်ချို့က ကြွယ်ဝချမ်း သာမှုနဲ့ ငွေကြေးနောက်ကိုလိုက်ကြသလို တစ်ချို့ကတော့ အောင်မြင်မှုနောက်ကို ထပ်ကြပ်မခွာလိုက်နေတတ်ကြပါတယ်။ တစ်ချို့ကြတော့လည်း အေးချမ်းသာယာမှုကိုခုံမင်လို့ ရှာဖွေ တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ဖြစ်ချင်တဲ့အရာ တွေနောက်ကို လိုက်နေရင်းနဲ့ ကိုယ်မလိုချင်တဲ့ ကိုယ်မဖြစ် ချင်တဲ့ ကိုယ့်အတွက်မလိုအပ်တဲ့အရာတွေကိုလည်း လက်သင့်ခံ လိုက်ရတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်သူကမှတော့ စိတ်ထဲမှာ စနိုးစနောက်ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကို လိုချ