Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Hope is being able to see the light despite all the darkness. မျှော်လင့်ခြင်းဆိုတာ အမှောင်တွေကြားထဲရောက်နေရင်တောင်မှ အလင်းရောင်ကို မြင်နေနိုင်ခြင်းပါပဲ တဲ့။ ဒီစကားကိုတော့ တောင်အာဖရိကလူမျိုး လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ ဘုန်းတော်ကြီး Desmond Tutu က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည်လုပ်ဆောင်သမျှတိုင်းမှာ အလုံးစုံအောင်မြင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးပြည့်စုံခြင်းဆိုတာ မရှိတဲ့အတွက် အမှားအယွင်းတွေလုပ်မိကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေ ခေတ္တခဏဆိုသလို လွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လွဲချော်မှု တွေ၊ လဲကျမှုတွေကြားထဲမှာ လူးကာလွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေပိုင်ဆိုင်ထားပါတယ်။ အဲဒီမျှော်လင့်ခြင်းတွေကို အမှန်တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အား စိုက်ထုတ်ကြိုးစားမှုသာ လိုအပ်ပါတယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေ အမှန်တကယ်ဖြစ်တည်လာဖို့အတွက် ဘယ် လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဘယ်လိုမျိုးတွေ အမိုက်မှောင်တွေမှာပဲကျရောက်နေပါစေ။ မျှော်လင့်ချက်ဆိုတဲ့ အလ