Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
If you don’t like where you are, move. You are not a tree. တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့။ ကိုယ်ရောက်ရှိနေတဲ့နေရာတစ်ခုတည်းမှာပဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမရှိဘဲ နေထိုင်နေရ၊ ရပ်တန့်နေရတဲ့သူတွေရည်ရွယ်ပြီးပြောထားတဲ့ ရှေးမြန်မာစကားပုံတစ်ခုပါ။ ကျွန်တော်တို့လူသားတွေမှာ တစ်ခါတစ်ရံမှာ ကံတရားရဲ့ ကျီစားမှုကြောင့် ကိုယ်နဲ့ မအပ်စပ်တဲ့နေရာမျိုးတွေမှာ နေထိုင်နေရ တာမျိုး၊ အလုပ်လုပ်ကိုင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သော ကိုယ့်စိတ်နဲ့ ထပ်တူမကျတဲ့လုပ်ငန်းခွင်တွေမှာ လုပ် ကိုင်ရင်းနဲ့ နေ့တွေလတွေနှစ်တွေသာ ကုန်ဆုံးသွားတယ်။ ကိုယ့်အနေနဲ့ လုပ်ကိုင်နေရတာလည်း သာမာန် တာဝန်ကျေရုံသာ စိတ်ထည့်နိုင်တယ်။ တခါတလေမှာ လုံးဝကို မလုပ်ချင်မကိုင် ချင်တဲ့စိတ်တွေက ကြီးစိုးလွန်းတဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ်ပဲ ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။ အဲဒီလို လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ဘာလို့ လုပ်ကိုင်နေရပါသလဲ။ ကိုယ့်စိတ်မပါတဲ့အလုပ်တစ်ခုမှာ ကိုယ်ရရှိထားတဲ့ ပညာ အရည်အချင်းကြောင့်ဖြစ်စေ၊ ဘဝပေးအ ခြေအနေအရဖြစ်စေ၊ အလုပ်တစ်ခုမလုပ်မဖြစ်တဲ့ စားဝတ်နေရေး အကြပ်အတည်း ကြောင့်ဖြစ်စေ လုပ်ကိုင်နေရတတ်ပါတယ်။ ဒီလိုနဲ့ လူ့ဘဝကို ပျင်းရိငြီးငွေ့ခြင်းများစွာနဲ့ ဖြတ်သန်းရင်း