Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Confidence doesn’t come when you have all the answers. But it comes when you are ready to face all the questions. လောကမှာ ရုန်းကန်လှုပ် ရှားနေကြတဲ့ လူသားတိုင်း လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှု ဆိုတာ သိပ်ကိုမှလိုအပ်ပါတယ်။ မိမိ ကိုယ်ကို ယုံကြည်မှုမရှိဘဲ လုပ်ဆောင်လိုက်တဲ့ အလုပ်ဆိုတာ ပြီးမြောက်သွားတယ် ဆိုရင် တောင်မှ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ် ရွှတ်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ လုပ်ငန်းကိစ္စတစ်ခုအောင်မြင် အထမြောက် သွားစေဖို့က လုပ်ဆောင်ကြိုးပမ်းသူရဲ့ စိတ် ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်က ရာခိုင်နှုန်းတော်တော်များများအရေးပါ ပါတယ်။ မိမိကိုယ်တိုင်က ယုံကြည်မှုရှိရှိနဲ့ စတင်ကတည်းက အားမာန်အပြည့်နဲ့ လုပ်ဆောင်သွားမှသာလည်း ပင်ပန်းမှုတွေကို လည်း မေ့ထားနိုင်မှာဖြစ်သလို ကျရှုံးမှုတွေ နဲ့ မတော်တဆကြုံဆုံခဲ့ရရင်တောင်မှ အသစ်ပြန်လည်ကြိုးစားဖို့ တွန်းအားတစ်ခု လည်းဖြစ်နေပါလိမ့်မယ်။ တကယ်တမ်း မိမိ ကိုယ်ကို ယုံကြည်မှုဆိုတာ မိမိကိုယ်ကို အောင်နိုင်ခြင်းပါပဲ။ လောကမှာ ကိုယ်ကို ကိုယ်အောင်နိုင်ထားမှလည်း တခြားသောအရာ တွေကို လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်ဖို့ အခြေအနေကောင်းနိုင်မှာပါ။