Padamyar FM

ဒီနေ့အတွက်စကား

Informações:

Trama

Sometimes you need to be alone and have a serious conversation with your heart. ဒီစကားကတော့ မိမိရဲ့စိတ်ထဲဖြစ်ချင်တဲ့ အကြောင်းအရာတွေကိုကိုယ်တိုင်က သေသေချာချာနားလည်အောင် ကိုယ်တိုင်ပဲ ကြိုးစားသင့်တဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာတော့ သင်တစ် ယောက်တည်းနေပြီး သင့်နှလုံးသားနဲ့ လေးလေးနက်နက် စကားတွေပြောဖို့လိုပါတယ်တဲ့။ တစ်ခါတစ်လေမှာပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောနက်နဲတဲ့ နယ်ပယ်ကြီးထဲမှာလူသားတွေ အနေနဲ့ အမျိုးမျိုးသောစိတ်ရောင်စုံရှိတဲ့ လူသားတွေကိုတွေ့ဆုံရမယ်။ အဲဒီလူတွေရဲ့ ဘေးကနေပြောတဲ့စကားတွေကြောင့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို မလုပ်ဖြစ်တာမျိုးတွေ၊ ကိုယ်ရည်ရွယ်ထားတဲ့ ဦးတည်ချက် တွေေ၀ဝါးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။