Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Storm doesn’t last forever. မုန်တိုင်းဆိုတာ အစဉ်ထာဝရမပြင်းထန်နိုင်ပါဘူး။ ဒီနေ့အတွက်စကားကိုတော့ မှတ်သားစရာအဆိုအမိန့်စကားတွေ အများကြီးတည်ရှိနေတဲ့ Power Of Positivity Web Page ကနေကောက်နှုတ်လို့ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ လောကမှာလူးလာခေါက်တုန့်ရုန်းကန်ရှင်သန် နေကျတဲ့ လူသားတိုင်းလူသားတိုင်းအခက်အခဲဆိုတာနဲ့ တွေ့ကြုံရဖူးမှာပါ။ ကိုယ့်အတွက် ခဲရင်းလွန်းတဲ့ အခိုက်အတန့်တွေလည်း ကြုံတွေ့ရမှာပါ။ တစ်ခါတစ်လေလောကရဲ့ရိုက်ပုတ်ချက်က ပြင်းထန်လွန်းတဲ့အခါမှာခံနိုင်ရည် စွမ်းတွေကျဆင်းပြီး ဒီဘဝကြီးကို မနေချင်တော့တဲ့အထိလည်းခံစားရကောင်းခံစားရနိုင်ပါတယ်။ သန္ဒေစတည်ကတည်းကမိခင်ရဲ့ဝမ်းကြာ တိုက်ကျဉ်းကျဉ်းလေးထဲမှာခက်ခဲစွာနဲ့ ရှင်သန်နေခြင်းနဲ့စတင်သလိုလူ့လောကအပြင်ဘက်ကိုရောက်တဲ့အချိန်မှာလည်းလောကရဲ့ စိတ်ခေါ်မှုပေါင်းများစွာကို ကျွန်တော်တို့တွေ ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် အပြိုင်အဆိုင်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာဆိုရင် လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေကတစ်နေ့နဲ့ တစ်နေ့တောင်မှ မတူညီအောင် များပြားလာပါတယ်။ ဒီလိုစိန်ခေါ်မှုပြင်းထန်တဲ့ လောကကြီးထဲမှာကိုယ့်အပေါ် ကံကြမ္မာရဲ့ ထိုးနှက်ချက်တွေ၊ မလိုသူတွေရဲ့ အကောက်ကြံခံရမှုတွေ စသည်ဖြင့် ဒုက္ခပေါင်းစုံက