Padamyar FM
ဒီနေ့အတွက်စကား
- Autore: Vários
- Narratore: Vários
- Editore: Podcast
- Durata: 0:03:00
- Altre informazioni
Informações:
Trama
Don’t waste your time with explanations: people only hear what they want to hear. ဒီနေ့အတွက်စကား ကိုယ်က မရည်ရွယ် ဘဲနဲ့ လုပ်လိုက်မိတဲ့အမှားအယွင်းတစ်ခုကို ကိုယ်သိတဲ့အချိန်မှာ မှားသွားတဲ့အကြောင်း တောင်းပန်တိုင်း လည်း လူတိုင်းကတော့ လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်အပေါ်မကောင်းမြင်နေတဲ့သူဆိုရင် ကိုယ်က ဘယ်လောက်ပဲအကောင်းလုပ် လုပ် သူ့မျက်စိထဲမှာတော့ ကိုယ်လုပ်သမျှဟာ အနှုတ်လက္ခဏာပြနေမှာပါ။ ကိုယ်ပြောသမျှကိုလည်း လွယ်လင့်တကူလက်ခံနိုင် မှာမဟုတ်ပါဘူး။ ဒီလိုမျိုးအဖြစ်နဲ့ ကြုံရတဲ့အခါမှာ ငါပြောတာနားမထောင်ရ လေခြင်းဆိုပြီး စိတ်ညစ်သွားစရာမလိုပါဘူး။ သူတို့ ကိုယ်ပြောတာကို လက်မခံတာက သူတို့အပိုင်းဖြစ်သွားပါပြီ။ ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်မှာ စေတနာအမှားလေး ပါသွားခဲ့တယ်။ မရည်ရွယ်ပဲအမှားဖြစ်သွားခဲ့ရိုး အမှန်ဆိုရင် ကိုယ့်လိပ်ပြာ ကိုယ်သန့်သန့်နဲ့ နေထိုင်လိုက်ပါ။ သူတို့က ကိုယ်ရှင်းပြတာကို နားမထောင်ရင်လည်း နေပါစေလို့ပဲ မှတ်ယူလိုက်ပါ။ လိုက်လံဖြေရှင်းနေမယ်ဆိုရင်လည်း အကျိုးထူးမှာမဟုတ်ပါဘူး။ အဓိကက ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့ရုန်းကန်မှုတစ်ခု၊ ကိုယ့်ရဲ့ကြိုးစားမှုတစ်ခု၊ မှားသွားခဲ့ရင်တောင် ကိုယ်ထိုက်နဲ့ ကိုယ့်ကံ ကိုယ်တိုင်ခါးစီး