Trama
Wherever you go PadamyarFM will be there with you...
Episodi
-
-
-
-
-
-
-
-
ဒီနေ့အတွက်စကား
14/08/2020 Durata: 03minManner matter. Good looks are a bonus. Humor is a must. အမူအကျင့်ဆိုတာအရေးပါပါတယ်။ရုပ်ရည်ချောမောမှုကတော့ဆုလာဒ်တစ်ခုဖြစ်ပြီးရယ်ရွှင်ကြည်နူးနိုင်မှုကတော့အဓိကပါတဲ့။ ဒီစကားထဲကအတိုင်းပါပဲလူတစ်ယောက်မှာအမူအကျင့်ဆိုတာတကယ့်ကိုမှအရေးပါတဲ့အရာပါ။ကိုယ့်ရဲ့အမူအကျင့်ကကိုယ့်ဘဝပြောင်းလဲမှုတိုင်းကိုစေခိုင်းနိုင်တဲ့အချက်တစ်ခုပါ။အမူအကျင့်ကောင်းတယ်ဆိုတဲ့နေရာမှာသူတပါးအပေါ်မေတ္တာတရားထားတတ်တာ၊ကိုယ်ချင်းစာတရားနဲ့ပြောဆိုဆက်ဆံတာ၊ဂရုဏာတရားနဲ့ဖေးမကူညီတာ၊ယုတ်ယင်းကြမ်းတမ်းတဲ့စကားကိုရှောင်ကြည်ပြီးချိုသာပျူငှာတဲ့စကားကိုပြောတတ်တာအဲဒါတွေကအခြေခံလူယဉ်ကျေးတွေရဲ့လိုက်နာစရာစည်းကမ်းတွေပါ။ အဲဒီစည်းကမ်းတွေအပြင်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်စေတနာထားပြီးအလုပ်လုပ်တာ၊ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားတာ၊စာရိတ္တမဏိုင်ခိုင်မာတာ၊တစ်ဦးပေါ်တစ်ဦးအပြန်အလှန်သစ္စာရှိတာ၊စည်းကမ်းလိုက်နာတတ်တာစတဲ့စတဲ့အချက်ပေါင်းများစွာကပါဝင်နေပါတယ်။အခုလိုတိုးတက်လာတဲ့ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာလုပ်ငန်းခွင်တော်တော်များများမှာအကျင့်ပျက်ချစားတဲ့သူတွေအတွက်လည်းနေရာမရှိတော့ပါဘူး။အလုပ်ကိုအလုပ်လိုလုပ်တာ၊စေတနာထားပြီးကြိုးစားတာ၊နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင်စွမ်းဆေ
-
ခေတ်လူငယ်
13/08/2020 Durata: 15minပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . .
-
ဒီနေ့အတွက်စကား
13/08/2020 Durata: 05minTime doesn’t heal anything, it just teaches us how to live with the pain. ဒီစကားကတော့ကျွန်တော်တို့မကြာခဏဆိုသလိုပြောလေ့ရှိတဲ့စကားတစ်ခုနဲ့လုံးလုံးလျားလျားဆန့်ကျင်နေတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လောကမှာရှင်သန်ရုန်းကန်နေသေးသရွေ့လူသားတိုင်းဟာရှုံးနိမ့်လဲပြိုမှုတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ဘယ်သောအခါမှပြီးပြည့်စုံခြင်းမရှိတဲ့အတွက်အမှားတွေလုပ်မိတဲ့အခါမှာရှုံးနိမ့်ခြင်းတွေကိုမလိုချင်ဘဲနဲ့ပိုင်ဆိုင်ရမှာပါ။အဲဒီအခါမှာနာကျင်မှုကိုခံစားရတဲ့သူကိုဘေးကလူတွေကအမြဲတမ်းပြောလေ့ရှိကြပါတယ်။ အချစ်ရေးအတွက်အသည်းကွဲဝေဒနာကိုခံစားရတဲ့သူတွေအတွက်ဆိုရင်ပိုပြီးပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။အချိန်ကကုစားပေးမှာပါလို့။ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူကိုဝမ်းနည်းပူဆွေးခြင်းဝေဒနာကိုမခံစားစေချင်တဲ့ကိုယ်ချင်းစာစိတ်၊သနားတဲ့စိတ်၊ကရုဏာသက်တဲ့စိတ်နဲ့ပြောတဲ့နှစ်သိမ့်စကားဖြစ်ပါတယ်။ဒါကိုလည်းရာနှုန်းပြည့်မှားတယ်လို့ဆိုလိုတာမဟုတ်ပေမယ့်ဒီနေ့အတွက်စကားကတော့အဲဒီစကားနဲ့ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။
-
ဒီနေ့အတွက်စကား
12/08/2020 Durata: 03minYou cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself for not knowing better. ဒီစကားကိုပြောခဲ့တဲ့သူကတော့နံမည်ကျော် Baseball ကစားသမားကြီးLeon Brownပါ။အားကစားသမားတစ်ယောက်ဖြစ်တဲ့ အတွက်သူပြောတဲ့စကားကတကယ့်ကိုမှလက်တွေ့ဆန်ပြီးအားလုံးအတွက်မှတ်သားစရာကောင်းတဲ့အတွက်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး။လူသားတိုင်းရှင်သန်ရာဘ၀တကွေ့မှာအမှားအယွင်းတစ်ခုမဟုတ်တစ်ခုကိုလုပ်မိတတ်ကြပါတယ်။
-
THE LIFE
11/08/2020 Durata: 15minဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံကျော် တေသံရှင် အဆိုတော် ကေကေမိုးရဲ့ ဘဝအကြောင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ တေးသံရှင်ကေကေမိုးရဲ့ သူအသက်ဘယ်အရွယ်ထဲကနေ သီချင်းတွေကို စိတ်ဝင်စားခဲ့လဲဆိုတာကို ပရိသတ်ကြီးလည်း သိချင်နေပြီဖြစ်ပါတယ်။ The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်..
-
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
10/08/2020 Durata: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
-
အစိမ်းရောင်ချစ်သူ
10/08/2020 Durata: 10minပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ...... အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ပတ်ဝန်းကျင်ကို လှပသန့်ရှင်းစေရန် ၊ချစ်တတ်စေရန် ၊ အမိူက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် မိမိတို့နေ့စဉ် ပြုမူတဲ့ အပြုအမူများထဲမှ ရှောင်ကြဉ်ရမည့် အချက်များကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...
-
Song For
10/08/2020 Durata: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်....... ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ကချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ စည်သူမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
-
ဒီနေ့အတွက်စကား
10/08/2020 Durata: 03minIt’s never too late to start over. If you weren’t happy with yesterday try something different today. Don’t stay stuck. Do better. တချို့သောအတိတ်ရဲ့ဝဲဂယက်ကနေရုန်းမထွက်နိုင်တဲ့သူတွေအတွက်ဝေမျှပေးခဲ့တာလည်းဖြစ်ပါတယ်။မကောင်းမှန်းသိသိကြီးနဲ့မကောင်းတာကိုဆက်လုပ်နေသေးတဲ့သူတွေ၊ကိုယ့်ဘဝကိုနစ်သထက်နစ်မွန်းအောင်လုပ်နေတဲ့သူတွေသိထားသင့်တဲ့စကားပါ။အသစ်တစ်ခုပြန်လည်စတင်ဖို့အတွက်ဘယ်တော့မှနောက်မကျပါဘူး။သင်အနေနဲ့မနေ့ကအဖြစ်တွေကိုသဘောမကျရင်ဒီနေ့မှာမတူတဲ့အရာတစ်ခုကိုကြိုးစားကြည့်ပါ။အတိတ်ရဲ့နွံထဲနစ်မနေပါစေနဲ့။ပိုကောင်းရင်လုပ်သာလုပ်ပါတဲ့။ တစ်ခါတစ်လေမှာကျွန်တော်တွေအနေနဲ့နဂိုအနေအထားတစ်ခုကနေပြောင်းလဲလိုက်ရမှာကိုဝန်လေးတတ်ကြပါတယ်။ပြောင်းလဲလိုက်ရင်ကောင်းသွားနိုင်ရင်တောင်မှပြောင်းလဲဖို့အရေးကိုခြေတုန်ချတုန်စဉ်းစားရင်းနောက်ဆုံးမပြောင်းလဲဘဲဒုံရင်းကဒုံရင်းရှိနေတတ်ပါတယ်။
-
မနောမြေမှတေးသံသာ
09/08/2020 Durata: 25minတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော်
-
ဒီနေ့အတွက်စကား
09/08/2020 Durata: 03minVictories that are easy are cheap. Those only are worth having which comes as the result of hard fighting. လွယ်လွယ်လေးနဲ့ရလိုက်တဲ့အောင်မြင်မှုဆိုတာတန်ဖိုးသိပ်မရှိပါဘူး။ခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်ပြီးမှရလာတဲ့အောင်မြင်မှုတွေကသာအဖိုးအနဂ္ဃထိုက်တန်လှပါတယ်တဲ့။ ဒီနေ့အတွက်စကားကိုတော့အမေရိကန်လူမျိုးခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Henry Ward Beecher ကပြောကြားခဲ့တာဖြစ်ပါတယ်။အခုလောက်ဆိုရင်လည်းသောတရှင်တွေရဲ့စိတ်ထဲမှာကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေရဲ့သမိုင်းကြောင်းကိုစဉ်းစားနေမိလောက်တယ်လို့ထင်ပါတယ်။ ကိုယ်လက်ရှိရောက်နေတဲ့နေရာ၊ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့စီးပွားဥစ္စာအဲဒါတွေကခက်ခက်ခဲခဲကြိုးစားပြီးပင်ပင်ပန်းပန်းရယူခဲ့ရတာလား။ဒါမှမဟုတ်လွယ်လင့်တကူပဲအသာတကြည်ရယူနိုင်ခဲ့တာလားလို့ပေါ့။စီးပွားဥစ္စာ၊ရာထူးဂု
-
သီချင်းထဲကဘ၀ ဘဝထဲကသီချင်း
08/08/2020 Durata: 25minပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊ တေးရေးဆရာတွေရဲ့ဘဝအမှတ်တရတွေ၊ တေးသီချင်းရေးသားဖန်တီးမူတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးနေတဲ့ သီချင်းထဲကဘဝ၊ ဘဝထဲက အစီအစဉ် ဖြစ်ပါတယ်...... ဒီတစ်ခါ သီချင်းထဲကဘဝ၊ ဘဝထဲက အစီအစဉ်မှာ ပါဝင်လာသူက တေးသီချင်း များစွာကိုရေးစပ်ထားသူလည်းဖြစ်သလို တေးသီချင်းတွေကို သီဆိုသူ တေးရေး တေးဆို သားသား ပဲဖြစ်ပါတယ်.....